Friday, November 16, 2012

16-11-2012 Daw Aung San Suu Kyi visited the Prospect Burma School in New Delhi

၁၆-၁၁-၂ဝ၁၂ ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် Prospect Burma School သို့ ရောက်ရှိပြီး ကျောင်းသူ-ကျောင်းသားများအား အားပေး ဆုံးမစကား ပြောကြားပြီး၊ ကျောင်ကောင်စီနှင့်လည်း တွေ့ဆုံနုတ်ဆက်စကားပြောကြားသည်။ အိန္ဒိယရောက် မြန်မာမိသားစုများ၊ ကျောင်းသားများနှင့်တွေစဉ်က ဒေါ်အောင်းဆန်းစုကြည်၏ ပြောစကားများမှ ကောက်နုတ်ချက်အချို့
• ပညာဆိုတာ စာအုပ်ထဲမှာသာရှာရတာ မဟုတ်ဘူး။ ကျောင်းသားအများစုက မြန်မာမဟုတ်ဘူးထင်တယ်။ ဗမာစကားလဲ တတ်အောင်လုပ်ထားတာ ကောင်းတယ်။ ကျမက မြန်မာမို့လို့ အဲလိုပြောရတာတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ဗမာစကာ။တတ်မှ ဗမာပြည်တခုလုံးကလူတွေနဲ့ စကားပြောနိုင်၊ အတူတွဲလုပ်နိုင်မယ် မဟုတ်လား။ ကျမက ဗမာစကားတတ်အောင်လုပ်လို့ပြောတော့ ကျမကိုလဲ တိုင်းရင်းသားစကား တတ်အောင်လုပ်ပါလို့ ပြောသင့်တာပေါ့နော့့်။
• ကချင်တချို့တွေက မကျေနပ်လို့ ဆန္ဒပြချင်တယ်လို့ကြားရတယ်။ ပြပါစေ။ ကျမကြိုဆိုတယ်။ လာပါစေ။ မကျေနပ်တာကို ထုတ်ပြောသင့်တယ်။ ကြာကြာအောင်းထားရင် ပိုတိုးလာတတ်တယ်။ ကျမက ပွင့်လင်းတာကို ကြိုက်တယ်။ ဘယ်လို ကွဲလွဲတာမဆို ဆွေးနွေးညှိနှိုင်းရင် ရမယ်လို့ ကျမယုံကြည်တယ်။
• ပင်လုံမှာ တိုင်းရင်းသားအစုံမပါခဲ့တာ ကျမသိပါတယ်။ “ပင်လုံစိတ်ဓာတ်” ကို ကျမဆိုလိုတာပါ။ ပင်လုံစိတ်ဓါတ် ဆိုတာ အတူတူလက်တွဲပြီး အေးအေးချမ်းချမ်း ညီတူမျှတူနေကြမယ်ဆိုတာဘဲ။ ဒီစိတ်ဓါတ်ကို စပြီး အခြေချခဲ့တာမို့ ၁၉၄၇ က ပင်လုံကို ပြောတာပါ။
• ဒီမိုကရေစီ မရသေးဘူးနော့့်။ နောက်ဆုံးအဆင့်မှာ ပိုခက်တယ်။ မလုပ်တတ်မိကုင်တတ်ရင် လမ်းလွဲသွားနိုင်တယ်။