Friday, October 26, 2012

Facebook မှာစကားပြောခြင်း (၇)

၂၁-၁ဝ-၂ဝ၁၂
Ye Naingthinn
အန်ကယ်ခင်ဗျား ကျနော် ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ ကျနော်က ၉၈-၉၆ နိုင်ငံရေးအကျဉ်းဟောင်းတစ်ဦးပါ ကိုရဲနိုင်လို့ ခေါ်ပါတယ်။ နိုင်ငံရေးလောကကတော့ ကိုရဲကြီးလို့ ခေါ်ကြပါတယ်ခင်ဗျာ။

Tint Swe
ဟုတ်ကဲ့ဗျာ။ သိရတာ ကောင်းပါတယ်။ ကျွန်တော်တော့ ခုထိ ထောင်မကျဘူးသေးဘူး။ အပြေးကောင်းလို့ပေါ့ဗျာ။

Ye Naingthinn
အန်ကယ် နိုင်ငံရေးလုပ်တယ်ဆိုတာ လုပ်နေဖို့ပဲ အရေူးကြီးတာပဲ။ အလုပ်ဖြစ်ဖို့ထက် လုပ်သင့်တဲ့ လုပ်တဲ့ အန်ကယ်ကို အစဉ်လေးစားပါတယ်။

Tint Swe
ဟုတ်တယ်ဗျ။ ကျွန်တော်အစားတော့ ဇနီး၊ မိတ်ဆွေတွေနဲ့ ညီအရင်းတို့က ထောင်ကျလိုက်ရတယ်။ ကျွန်တော့်အတွက် ပေးဆပ်ကြရတာတွေချည်းဘဲ။ ကျွန်တော်လဲ လုပ်နိုင်သလောက်တော့ တရက်မှ မပျက်ဘူးဗျို့။ နိုင်-ကျဉ်းတွေကိုတော့ အမြဲလေးစားနေပါတယ်။

Ye Naingthinn
နိုင်ကျဉ်းတိုင်းတော့ ကိုယ်ချင်းစာပါတယ်။ အထူးသဖြင့် အနေကောင်းတဲ့ သူတိုင်းကို ပိုလေးစားပါတယ်။ ကျနော်ဆိုရင် ထောင်ထဲမှာ (၁၉၉၈-၂၀၀၅) ရ-နှစ် နီးပါး ထောင် ၃-ထောင်ပြောင်းပြီးနေလိုက်ရပါတယ်။ ခြေထောက်လည်း မသန်တဲ့ ကွန်ပျူတာသမားတစ်ယောက်ပါ။

Tint Swe
ဟုတ်ပါတယ်။ ဘယ်အရာ ဘယ်အခါမဆို ခြုံပြီး ကောက်ချက်ဆွဲရင် လွဲတတ်တယ်။ နောက်ပြီး တချိန်မှာ၊ တမျိုးမျိုးမှာ ကောင်းခဲ့ တော်ခဲ့သူကို နောက်တချိန်မှာ တမျိုးဖြစ်သွားလို့လဲ အရင်ကောင်းခဲ့ တော်ခဲ့တာကို မေ့မပြစ်သင့်ဘူးဗျ။ အေးဗျာ။ ကျွန်တော်လဲ ဆောရီးဘဲပြောနိုင်တယ်။

Ye Naingthinn
ကျနော်တို့ တတွေ ဘယ်အချိန်အထိ ဆက်လက် ချီတက် ရမယ်ဆိုတာ မသိပါ။ သို့သော် အန်ကယ်တို့လို လူတွေ ကျန်းမာရေးတော့ဂရုစိုက်ပါ။ နေကောင်းနေရင် ဆက်လက်လုပ်နိုင်တာတွေ အများကြီးပဲမို့မါ။

Tint Swe
ဟုတ်ပြီဗျာ။ ခုထိတော့ သွားနိုင်လာနိုင်၊ ပြောနိုင်၊ ရေးနိုင်ပါတယ်။ ဘယ်အချိန်ထိဆိုတာ အဆုံးမရှိဘူးဗျ။ မသေမချင်းလို့ဘဲ ပြောတော့။ အားမရလဲ မဖြစ်နဲ့။ အခုတိုးတက်တယ်ဘဲဆိုတာမျိုးတွေအတွက် တချို့က သမတကို အမှတ်ပေးတာကို သဘောမတူဘူး။ ဒီလိုဖြစ်လာအောင် ခံခဲ၊ သေခဲ့သူတွေကိုသာ ကျေးဇူးတင်ရမျာ။ အခုတိုးတက်တာတွေအတွက်လဲ ဘာဘဲဖြစ်နေနေ ကျေနပ်မှု အတိုင်းအတာတခုထိ ယူသင့်တယ်။ ဒါမှသာ ရှေ့ဆက်ဘို့အတွက် အားဖြစ်မယ်။

Ye Naingthinn
အပြောင်းအလဲများတဲ့ သူတွေကိုတော့ အပြစ်မဆိုလိုပါဘူး။ သမတကို ဘာကြောင့် အထင်ကြီးနေကြသလဲ စဉ်းစားလို့ မရပါ။ စောင့်ကြည့်ဖို့တော့များစွာ လိုပါသေးတယ်။

၂၇-၁ဝ-၂ဝ၁၂
အန်ကယ်နဲ့ ယနေ့နိုင်ငံအခြေအနေကို အကြမ်းဖျဉ်း ဆွေးနွေးချင်ပါတယ်။ ဒါဟာ ကျနော်နဲ့ အန်ကယ်ရဲ့ နှစ်ဦးသာ ဆိုင်တဲ့ ဆွေးနွေးခြင်းမျိုးပါခင်ဗျာ။ ယနေ့ အနေအထားဟာ အပေါ်ယံသာ ပြောင်းလဲခြင်း ဖြစ်ပြီး နောက်ခံ သမိုင်းကြောင်းတစ်ခု ရှိနေသလိုပဲခင်ဗျာ။ နိုင်ငံတကာက စောင့်ကြည့်ခြင်းမျိုး နှစ်ပိုင်းရှိနေပြီး ဖြတ်ခုတ်ချင်တဲ့ စီးပွားသမားနဲ့ အကူအညီ ပေးချင်တဲ့ အုပ်စု နှစ်မျိုးရှိမယ်ထင်ပါတယ်။

Tint Swe
အေးဗျာ နိုင်ငံရေးကို တွေးကြည့်မြင်ကြည့်ကြတာ လူတိုင်းလုပ်နိုင်ပါတယ်။ တူချင်မှ တူကြမယ်။ အမြင်တိုင်းလဲ မှန်ချင်မှ မှန်တယ်။ အချိန်ကသာ အဖြေပေးတယ်။ အမြင်-အတွေးတွေဆိုတာလဲ အချိန်နဲ့အမျှ ပြောင်းနေတယ်။

Ye Naingthinn
တူတာမတူတာကို ခွင့်လွှတ်လို့ရပါတယ်။ အမြင်ဆိုတာ ကိုသိထားတဲ့ အချက်နဲ့ အသိပေါ်မှာ အခြေခံတတ်လို့ပါခင်ဗျာ။ အချိန်နဲ့ ဖြစ်ပျက်မှုက နိုင်ငံရေးမှာ ပြောင်းလဲနိုင်ပြီး ခံယူချက်ကတော့ ခိုင်မာရင် ပြောင်းလဲခဲမယ် ယူဆပါတယ်ခင်ဗျာ။

Tint Swe
ကျွန်တော့်သုံးသပ်ချက်ကတော့ အကြောင်းအများတွေစုပြီး တွန်းပို့တာဖြစ်မယ်။ ဟုတ်ပါတယ်။ ရေးခဲ့တာက သုံးသပ်ချက်ကိုသာ ပြောင်းလဲတယ်လို့ဆိုလိုတာပါ။ ကိုယ်ပိုင် မူ-စံ-အမြင်တွေဆိုတာ ခိုင်မာပြီး တည်တန့်တာ အကောင်းဆုံးဘဲ။ သဘောတူပါတယ်။

Ye Naingthinn
သတင်းအချက်အလက်တွေ လိုက်လွန်းရင်လည်း သတင်းနောက်လိုက်သူဖြစ်ပြီး လုပ်စရာရှိတာကို နောက်တွန့်သွားမလားပဲ။ သတင်းအချက်အလက်မစုံပဲ လက်လွန်ခြေလွန် လုပ်မိပြောမိမှာတာလည်း တပ်ဦးကျွံနည်း တစ်ခုပါ။

Tint Swe
မြန်မာပြည်ရဲ့ သမိုင်းတွင် အပြောင်းအလဲတွေဟာ ထိပ်ဆုံးခေါင်းဆောင်တဦးအပေါ်မှာချည်းတည်းလိုလို မူတည်နေခဲတာ အခုထိဘဲ။ မကြာခင်က အပြောင်းအလဲမှာ သန်းရွှေဘဲ။ လုပ်ခဲ့သမျှ လူသတ်သမားဘဲ။ မထွက်ခင် သူကဘဲ လမ်းခင်းတယ်လို့ဆိုတာ ဖြစ်နိုင်တယ်။ သူ့ရဲ့ နောက်ဆုံးလ (နှစ်) တွေအတွက် သူလုပ်တာသက်သက်ဘဲလို့ ပြောရရင်လဲ မလွန်လောက်ဘူး။

Ye Naingthinn
မြန်မာနိုင်ငံဟာ သက်ဦးစံပိုင်နဲ့ တော်တော် ရင်းနှီးခဲ့လို့ ခေါင်းဆောင်တစ်ဦးအပေါ်မှာ ဦးတည်ဆုံး ဖြတ်တတ်တာ သဘာဝတစ်ခုလို ဖြစ်နေပြီး ဒီလိုယုံကြည်မှုကလည်း မခိုင်မာတဲ့အတွက် အလွယ်တကူ ဘက်ပြောင်းမှုတွေ ဖြစ်တတ်တော့တာပါပဲ။

Tint Swe
နောက်ပြောတဲ့အချက်လဲ သဘောတူတယ်။ သတင်း-သတင်း။ လိုက်တာ၊ ဖတ်တာတွေလဲ ကောင်းပါတယ်။ သူတို့အလုပ်ဘဲ။ ဒီလိုလူတွေက ကွင်းထဲမှာတော့မဟုတ်သူက များတယ်။ ကွင်းထဲမှာလဲ ရှေ့ကလူ၊ နောက်ကလူ၊ ကွင်းထဲကရော အပြင်ကလူတွေရော အပြန်အလှန်အကျိုးပြုပြီး လုပ်သင့်ပါတယ်။ သတင်းသမားကလဲ အကျိုးဖြစ်စေဘို့ ကူညီတဲ့အနေနဲ့ လုပ်သင့်တယ်။ ခက်နိုင်တာတခုက သတင်းဘက်မလိုက်မှုဆိုတဲ့ စံ ဆိုတာဘဲ။ လွတ်လပ်တဲ့ မီဒီယာ ဆိုတာ ကနေ့ လူ့အခွင့်အရေး ဆိုတာာက ရခိုင်အရေးကို သက်ရောက်သလိုဖြစ်တာနဲ့ တူတယ်။

Ye Naingthinn
အန်ကယ်ပြောတာသဘောကျပါတယ်။ ကျနော့်တို့ နိုင်ငံမှာ လူတိုင်းနီးပါး အတွေးအခေါ် ပြောင်းလဲဖို့ ခံစားချက်ပြောင်းဖို့ တွန်းအားကောင်းဖြစ်ဖို့ ပညာရေး အခြေခံလိုနေတာပါ။ ပညာရေးဆိုတာ သုံးသပ်နိုင်စွမ်း ရှိစေဖို့ အသိပညာကို ဆိုလိုတာပါခင်ဗျာ။

Tint Swe
အလားအလာတွေရှိပါတယ်။ လူငယ်၊ လူရွယ်တွေ အတော်လေ့လာမှု လုပ်နေကြတာ အားတက်စရာဘဲ။ ဒါပေမဲ့ စာသင်ခန်းပြင်ပ ပညာရေးသာ ဖြစ်နေသေးတယ်။

Ye Naingthinn
အန်ကယ် connection down သွားပြီ နောက်မှ တွေ့ကြ ဆွေးနွေးကြတာပေါ့ ကျေးဇူးတင်ပါတယ်။ ဘိုင့်။