Tuesday, October 9, 2012

Facebook မှာစကားပြောခြင်း (၄)

7-10-2012 Aung Zaw Nyunt
မုံရွာမြို့မှ အလက (၃) ကို အထက (၄) သို့ အဆင့်တိုးမြှင့်လိုက်ပါပြီ။ ဒါပေမယ့် ကြားရတာ စိတ်မကောင်းဘူးဗျာ။ ကျောင်းဆောင် ဆောက်ဖို့ ကုန်မှာက သိန်း ၅ဝဝ ကျော်မယ်တဲ့။ နိုင်ငံတော်က ချပေးမှာက သိန်း ၂ဝဝ ကျော်တဲ့ဗျ။ လိုတာကို ကျောင်းက အလှူခံရမယ်တဲ့ဗျာ။ ကောင်းရောဗျာ။

"နိုင်ငံတော်" ဆိုတဲ့အသုံးစကားလုံးကို စစ်အစိုးရလက်ထက်ကစပြီး တည်ထွင်ထားတာဖြစ်တယ်။ ဦးနေဝင်းနဲ့ (မဆလ) တုံးက ပြည်သူ၊ ဦးကြီးဆိုတဲ့ မစားရဝခမန်းစကားလုံးတွေ သုံးခဲ့တယ်။ အမှန်က အစိုးရဘတ်ဂျက်ထဲကနေ သုံးတာသာ ဖြစ်တယ်။ အစိုးရဘတ်ဂျက်ဆိုတာလဲ လူတွေဆီကအခွန်အကောက်တွေ၊ ချေးငွေတွေ နဲ့ အကူအညီ ရငွေတွေ ပေါင်းထားတာဖြစ်တယ်။ အစိုးရဆိုတာ ဘယ်နေရာမှာ ဘယ်လောက်သုံးမလဲဆိုတာသာ စာရွက်ပေါ်မှာ လုပ်ပေးရတယ်။ အခုတော့ လွှတ်တော်မှာ ကျအောင်လုပ်ရသေးတာပေါ့။ ဒါတောင် ထုတ်မပြောတာတွေကို ဘယ်သူမှမသိရဘူး။ ကျေးဇူးရှင်အထင်ခံချင်လို့ မဲပေးတာရချင်လို့ ဒီလိုစကားလုံးတွေကို တမင်တကာ ထွင်နေတာသာ ဖြစ်တယ်။ ဒီနှစ်ထဲမှာ အိန္ဒိယအစိုးရကို ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာသန်း ၅ဝဝ ထုတ်ချေးတာဟာ ဒုတိယအဆင့်ပညာရေး (၉ တန်း၊ ၁ဝ တန်း) အရည်အသွေး တိုးတက်ဘို့အတွက် ဖြစ်တယ်။ ဒီအတွက် နိုင်ငံတော်ဆိုတာကိုရော အစိုးရကိုပါ ဘယ်သူမှ ကျေးဇူးတင်နေစရာ မလိုဘူး။ ဒါ့ကြောင့်လဲ လက်ရှိ UPA 2 အစိုးရ မဲပိုရမှာလဲမဟုတ်ဘူး။ လူတွေနားလည်အောင် ရှင်ပေးသူတွေကို ကျေးဇူးတင်တယ်ဗျာ။

Ko Naing Tun
ကျွန်တော်တို့ဆီမှာလဲ အလက ကနေ အထက တိုးတယ်။ ဒါကို သူတို့ပါတီကပဲ ပေးသလိုလိုနဲ့ အဲဒီလူတွေက ပြောချင်ကြသေးတယ်။ အူတာလား လူလည်လုပ်ချင်တာလား မသိပါဘူး၊ ရိုးအတဲ့ တောသူတောင်သားတွေကတော့ အဟုတ်ထင်နေလို့ ရှင်းပြရသေးတယ်။

9-10-2012 Shwe Hteik
ဆရာရေ ကာတွန်း ကိုမောင်မောင်အောင်တော့ အပြီးပြန်လာပြီတဲ့ဗျ။ ဆရာရော စိတ်မကူးသေးဘူးလား။

စိတ်လဲကူးတယ်။ တိုင်ပင်တာတွေလဲ လုပ်ပါတယ်။ ဆုံးဖြတ်ချက် မချသေးပါ။ ဘလော့ခ် မှာ ရေးဖြစ်ပါသေးတယ်။

ကျွန်တော့် သဘောကတော့ လုံခြုံမှုရှိမယ်ဆိုင်တော့ ပြန်လာစေချင်ပါတယ်။ ဆရာတို့ရဲ့ဖြတ်သန်းမှု အတွေ့အကြုံတွေက ဘာနဲ့မှတန်ဖိုးဖြတ်လို့မရပါ ဘူးဗျာ။ ဒီအတွေ့အကြုံတွေနဲ့ဘဲ တည်ဆောက်ကြရမှာ လို့ယုံကြည်တယ်ဗျာ။

ကျွန်တော်က စိုက်လိုက်မတ်တတ်လုပ်တဲ့ အကျင့်ရှိတယ်။ နိုင်ငံရေးစလုပ်ကတည်းက အဖွဲ့ချုပ်မှာ၊ အပြင်ထွက်တော့လဲ စဉ်ပြိုင်အစိုးရမှာ အစကနေ အဆုံးအထိ။ နောက်ဆက်လုပ်မှာလဲ ပါတီကနေဘဲ။ ခုနေအခါ ပါတီက ကျွန်တော်တို့လို အပြင်နေသူတွေအတွက် ပေါ်လစီမချနိုင်သေးဘူး။ ပါတီက မချသေးလို့လဲ တခြားကို ခုန်ကူးဘို့ မရှိပါ။ စောင့်ပါအုံးမယ်။ စောင့်နေရင်းလဲ အကျိုးရှိမှာကို နေရတဲ့နေရာကနေ လုပ်ပါတယ်။

ကျွန်တော့် အထင်တော့ ပါတီက သီးသန့် ပေါ်လစီချဘို့တော့ လိုအုံးမယ်ထင်ပါရဲ့ဗျာ။ ဒီမှာက လူဟောင်းတွေက နေရာဘဲပြောကြတယ်လို့ ထင်ကြတယ်ဗျ။ လူဟောင်းတွေရဲ့ အတွေ့ အကြုံကို တန်ဖိုး မထားတတ်ကြတော့ဘူးလေ။

၁ဝ-၁ဝ-၁၂ ဒီမို ဖက်တီး
(ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပုံ) အရင်ကများဆို ဒီခြံရှေ့ တိုးရစ်တွေ ဓါတ်ပုံရိုက်ရင် ဗီဇာရာသတ်ပန် အပိတ်ခံရမယ့့်

အကောင်း ပြောင်းလဲတာ ကြီးကြီးမားမားဖြစ်ရင် အတိုက်အခံဘက် ဦးဆောင်သူကို နိုဗယ်လ်ဆုပေးလေ့ရှိတယ်။ ထောက်ခံပါတယ်။ ဒါပေမဲ့ အုပ်စိုးသူဘက်က အထင်ကရလူကို ဆုပေးတာမှာတော့ နှစ်ဆမက စဉ်းစားသင့်တယ်။ အသက်နဲ့ ဘဝပျက်သူတွေက ထောက်ခံချက်ပေးခံရသူသာ ထိုက်တန်ပါတယ်။