Sunday, October 7, 2012

Facebook မှာစကားပြောခြင်း (၃)

12:02am Oct 6
Shwe Htide
ဆရာဆွေးနွေးပေးတာတွေ ကောင်းပါတယ်ဗျာ။ ဒီမှာဖြစ်နေတဲ့ဖြစ်ရပ်တွေပါဘဲဗျာ။ ဆိုးတာက အခွင့်အရေးကို ပိုပြီးဦးစားပေးလာတာ ပိုပြီးတွေ့ရတယ်။ မှန်ကန်တဲ့အခွင့်အရေးဆိုရင်တော့ ခွင့်လွှတ်နိုင် တာပေါနော်။ အခုဟာကဘာမှမလုပ်ဘဲကို ရချင် ကြတာဗျ။ နောက်ပြီးအလုပ်တခုလုံး ပျက်သွားအောင် တန်းညှိတတ်ကြတယ်ဗျာ။ ကိုယ်တွေ့ ဥပမာတခုပါ လူ ၃ ယောက်ကို သစ်ပင် ၁ဝ ပင်စီ စိုက်ခိုင်းလိုက်တယ်။ တစ်ဦးစိုက်တဲ့ အပင်တွေကရှင်တယ် ကျန် ၂ ဦးစိုက်တာတွေ ကသေတယ်။ သေတဲ့သူ ၂ ဦးကဘာလုပ်မယ် တင်လဲဆရာ။ ရှင်တဲ့သူရဲ့ အပင်တွေကို သတ်လိုက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်သန်ရေးအတွက်လဲ မကူရအောင်။ သေတဲ့အတွက်လဲ အပြစ်တင်မခံရအောင်တဲ့ဗျာ။ နေရာတိုင်မှာ ဒီဖြစ်စဉ်အတိုင်း ရှိနေတယ်ဗျာ။ ဆရာရေ နေရာတိုင်မှာ အဆိုးမြင်တယ်များ တင်နေမလားမသိဘူး ဖြစ်နေတာတော့ အမှန်တွေပါဗျာ။

7-10-2012
ဟုတ်ပါတယ်။ အဲလိုအခြေအနေမျိုးလဲ တွေ့တတ်တယ်။ ကျွန်တော် ကိုယ်တွေ့ပြောရရင် ဆိုးတာတိုင်းကို ဖေါ်မရေးတာတွေရှိတယ်။ တုပြိုင်မပြောချင်တာရော။ ငါပါနှစ်ကောင်ဖြစ်မလားလို့ သတိထားတာရော။ တချို့ကြ လက်နှစ်ဖက်တီးမှ အသံဆိုတာမည်တာဘဲ မင်းလဲ ပါလို့နေမှာလို့ အထင်မခံချင်သူတွေက နုတ်ဆိပ်နေကြတယ်။ နောက်ပြီး အသံကျယ်ကျယ်အော်၊ ကလောင်ထက်ထက်ရေးသူတွေက နေရာရကြတတ်သေးတယ်။ မသိသူတွေက အဟုတ်ထင်ကြတယ်။ ရွေးကောက်ပွဲတွေမှာ အဲလိုလူတွေက မဲခိုးတာမလုပ် ကြိုတင်မဲမယူပါဘဲနဲ့ မဲရတာတွေ အများကြီးဘဲ။ လူတွေရဲ့ အားနည်းချက်ကိုသိပြီး လူလည်ကြကြလို့ပေါ့။ မေးခွန်းကိုတည့်တိုးဖြေရရင် ကျွန်တော်တို့ မတတ်နိုင်တာတွေ အများကြီးဘဲ။ စိတ်လျှော့ပြီး ရင်ကျက်အောင်သာ လုပ်ရတော့တယ်ဗျာ။