Wednesday, October 31, 2012

Facebook မှာစကားပြောခြင်း (၈)

၃၁-၁ဝ-၂ဝ၁၂
Zaw Kota
၁၉၉ဝ တုန်းက ဘုရားကြီးအလယ်တိုက်မှာ အတူနေ ရဲဘော်တစ်ယောက်ပါ။ ဘယ်တော့ပြန်လာမလဲ။ DVB မှာ သတင်းတွေ တွေ့နေတယ်။

Tint Swe
ဟုတ်လား။ အသိပေးတာ ကျေးဇူးတင်တယ်ဗျာ။ ဆုံးဖြတ်ချက်မချရသေးပါ။ ဟုတ်တယ်။ လူအတော်များများက အဲလိုပြန်ပြောကြတယ်။ DVB ကို ကျေးဇူးတင်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အပြင်က လှုတ်ရှားမှုတွေ နည်းလာပြီ။ ဒါလဲ ဖြစ်ရမဲ့အပြောင်းအလဲပါဘဲ။ အေးဗျာ ၁၉၉ဝ ခေတ်ကိုလဲ အမှတ်ရတယ်ဗျ။ နိုင်ငံရေးအရဆိုရင် ခေတ်အစိတ်အပိုင်းတခုပေါ့။ ဒိနောက်ခေတ်အပိုင်းတခု ရောက်နေပြီပေါ့။

Zaw Kota
နိုင်ငံရေးကို ဆက်လုပ်နေပါတယ်။

Tint Swe
မသေမချင်း လုပ်ကြရမှာဘဲဗျ။

Zaw Kota
ပြန်လည်တည်ဆောက်ရေးကာလမှာ ဝန်းရံရလဲဆိုတာ အကြံဥာဏ်တွေလိုတယ်။

Tint Swe
ကျွန်တော်လဲ အဲဒီအပိုင်းကို စိတ်ဝင်စားတယ်။ ငါ ဘာလုပ်ပေးနိုင်မလဲ တိုင်ပင်နေပါတယ်။

Zaw Kota
ပြည်တွင်းထဲမှာ နိုင်ငံရေးသမား အတော်များများ လမ်းပျောက်နေတယ်။ တော်လှန်ရေးကာလမှာ ညီညွတ်ပြီး တည်ဆောက်ရေးကာလမှာ ရန်ဖြစ်နေကြတယ်။

Tint Swe
ရှုတ်ထွေးနေတာတော့အမှန်ဘဲ။ ၁၉၉ဝ နဲ့ ၂ဝ၁၂ မတူကြတာတွေရှိမယ်။ တွဲတော့လုပ်ကြရမှာဘဲ။ မျိုးဆက်သာမကဘူး လိုအပ်ချက်ကလဲ ပြောင်းလာတယ်။ အခြေအနေနဲ့ညီတာလုပ်ပြီး၊ ကိုက်ညီသူတွေကို နေရာပေးရမယ်။

Zaw Kota
လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေကို အကောင်ထည်ဖော်နေတယ်။ အချို့က ဘယ်လမ်းသွားနေမှန်းကို မသိကြဘူးဗျ။

Tint Swe
ဒါကတော့ နိုင်ငံတခုလုံးနဲ့ဆိုင်တယ်။ အတော်ကြီး သတိထားရမယ်။ ဦးဆောင်နိုင်သူတွေက လမ်းမှန်၊ ဥာဏ်ကောင်းရင် တော်ပါသေးတယ်။

Zaw Kota
ဒေါ်စုကို အားလုံးဝန်းရံလိုက်ရင် အကောင်းဆုံးဘဲလို့ ထင်တယ်။

Tint Swe
ကျွန်တော်က NLD မို့ပြောတာသက်သက်တော့ မဟုတ်ပါ။ ဒီအမြင်ကို လုံးဝထောက်ခံပါတယ်။ တချို့က ဒီမိုကရေစီခေတ် ရောက်သလိုလို ထင်နေကြတယ်။ အဖြူ နဲ့ အမဲ တိုက်ပွဲဘဲရှိသေးပါတယ်။ အမဲမဟုတ်ရင် အဖြူမှာ ပုံအောရမယ်။ မီးခိုးတွေ၊ အဝါတွေ၊ လုပ်နိုင်လာတဲ့အခြေအနေ မရောက်သေးဘူး။ တတိယအင်အားစု အယူအဆဟာ အာဏာရှင်အကြိုက် ဖြစ်တယ်။

Zaw Kota
အာဏာရှင်ကဖယ်ပေးပြီး မင်းတို့လုပ်ကြဆိုတော့ ကယ့်အချင်းချင်းရန်ဖြစ်ကြေတယ်။ ရခိုင်အရေးလက်တွေ့ဘဲ။

Tint Swe
စိတ်ရှည်ကြဗျာ။ ဒါမျိုးတွေနဲ့ နပမ်းလုံးရမှာ မဟုတ်လား။

Zaw Kota
နောက်ကွယ်ကလူတွေကို မဖော်ထုတ်ရင် စစ်တပ်အာဏာရှင်ပြန်လာမှာ။ အရှေ့ကို မသွားဘဲ နောက်ကြောင်း ပြန်မလှည့်အောင် ဝိုင်းတွန်းမှဖြစ်မယ်။

Tint Swe
သတိထားနိုင်တာကောင်းပါတယ်။ အချင်ချင်းလဲ အစည်းမပျက်ကြဘို့လိုမယ်။ နှစ် ၅ဝ ကျော် အုပ်စိုး စားသောက် ကြွယ်ဝလာသူတွေက လွယ်လွယ်နဲ့ လျှော့မှာ မဟုတ်ဘူး။

Zaw Kota
ခရိုနီတွေကလည်း အဆိုးဆုံးပေါ့။

Tint Swe
ခေတ်တိုင်းမှာရှိတယ်။ ဘယ်သူတက်တက် အမြတ်ရရေးဘဲ။ အခုလူတွေက သူတို့လဲစားမယ်၊ သူတို့ဆရာကြီးတွေကိုလဲ မပြုတ်အောင် လုပ်နေတယ်။ အုပ်စုလိုက်လဲဖြစ်တယ်။ ပါတီတောင်ဖွဲ့ထားသေး။ သူများနိုင်ငံတွေမှာ ခရိုနီဆိုတာ တဦးကောင်းလိုသာများတယ်။

Zaw Kota
ပိုဆိုးတာက အောက်ခြေဝန်ထမ်းတွေက အပြောင်းလဲက သူတို့နဲ့မဆိုင်သလို အရင်တိုင်းဘဲ။ အမြစ်ကနေလှန်ဖြစ်မှရမယ်။ ပညာရေးလောက အရင်ဆုံးပြင်ရမယ်။

Tint Swe
သူတို့မှာ ခေါက်ရိုးကျိုးတာက ပြန်ဆက်တာတောင် တလွဲကြီးဆက်ကြမဲ့သူတွေကများတယ်။ နားလည်မှုတော့ ပေးရမှာပေါ့။ သူတို့က လမ်းပေါ်၊ လယ်တောကလူတွေလိုမဟုတ်ဘူး။ မျက်စိသာမက လက်ကိုပါအချုပ်ခံထားရသူတွေမို့ ဒုက္ခိတတမျိုးဘဲဗျ။ လုပ်စရာတွေ အများကြီး မှန်ပါတယ်။ စိတ်တော့ မပျက်နဲ့၊ စိတ်လဲရှည်ရမယ်။ ခုကတည်းက ပြင်ဘို့ဆင်ဘို့ လုပ်နေကြတာကို အားပေး ကူညီရမယ်။

Zaw Kota
ဝန်ထမ်းလုပ်ပြီး သူဌေးဖြစ်ချင်နေကြတာ။

Tint Swe
ဝန်ထမ်းလုပ်ပြီး ထမင်းမဝသူတွေလဲရှိတယ်။ အကျင့်ပျက်ချစာတိုက်ဖျက်ရေးက အတော်အချိန်ယူမယ်။ ဖေါ်ထုတ်ကြ၊ တရားဥပဒေအရ အရေးယူကြရမယ်။ောနက်ထပ်မပေါ်အောင်လဲ တားရမယ်။ ဒါလဲ ရှိအုံးမှာဘဲ။ ဆက်လုပ်ကြရမှာဘဲ။

Zaw Kota
ပြုပြင်ပြောင်းလဲဘို့ကတော့အကုန်လုံးကိုအစားထိုးဖြစ်ရမယ်။ပညာပေးတာ နယ်ရွှေ့တာလောက်ကတော့ သူတို့ကအေးဆေးဘဲ။ အစိုးရကလည်း စံပြအနေနဲ့အရေးယူမယ်ဆိုရင် တစ်တိုင်ပြည်လု့းသိအောင်လုပ်ရမယ်။ ဒါမှနောက်လူမလုပ်ရဲမှာ။

Tint Swe
အဲလိုအထိတော့ မဖြစ်နိုင်သေးဘူး။ လက်ရှိမျိုးဆက်နဲ့အတူဘဲ မကြိုက်လဲ တလမ်းတည်း လျှောက်ကြရမှာဘဲဗျ။ မတူတာတွေနဲ့ အမုန်းတရားမဖက်ဘဲ တွဲနေနိုင်ဘို့လိုတယ်။ သူ့ဇာတ်နဲ့သူ သိမ်းမှာပါ။ မသိမ်းခင်တော့ အောင့်အီးရမှာပေါ့။