Monday, October 1, 2012

ယေဘုယျချခြင်း

မမှန်တဲ့စာလုံး မသုံးချင်လို့ “ဘင်္ဂါလီ-ကုလား” လို့သုံးတဲ့အခါ သတိထားဘို့ လိုနေပါတယ်။ အခုဖြစ်နေတာတွေဟာ “အဆင့်တခုအနေနဲ့ “ရိုဟင်ဂျာ” နာမည်ကို နိုင်ငံတကာမှာ အသိအမှတ်ပြုလာရေးအတွက် လူတွေသတ်၊ လူတွေအသေခံ၊ အဆောက်အဦတွေ မီးရှို့၊ ကိုယ့်ဟာကိုလဲ မီးရှို့၊ နေရာရှိသမျှလိုက်ပြီးဆော်သြ၊ ကိုယ်လိုချင်တာလိုက်မပြောသူကို ဆန္ဒပြ စတာတွေ လုပ်နေကြတာဖြစ်တယ်။” နောက်အဆင့်တွေပါ လာပါအုံးမယ်။ မခံချင်စိတ်နဲ့ချည်း လုပ်မရပါ။ အပြစ်တင်တာမှာလဲ သတိထားရပါမယ်။

“ဘင်္ဂါလီ”
Bangali (ဘင်္ဂါလီ) ဆိုတာ အိန္ဒိယတိုက်ငယ်မှာရှိတဲ့ Caste ဇာတ်နွယ်တခုဖြစ်တယ်။ ပန်ဂျပ်၊ ဟာရီယားနာ နဲ့ အူတရာ-ပရာဒက်ရှ် ပြည်နယ်တွေမှာ ဟင်ဒူဘာသာဝင် ဘင်္ဂါလီလူမျိုးတွေကို Scheduled caste အဖြစ်သတ်မှတ်ထားတယ်။ ဖွဲ့စည်းပုံအရ လူနည်းစုအခွင့်အရေး ရပိုင်ခွင့်ရှိကြတယ်။ အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒက်ရှ်မှာနေကြတဲ့ ဘင်္ဂါလီလူမျိုးတွေကတော့ Bengali ethnic group တိုင်းရင်သားအုပ်စုလို့ သတ်မှတ်တယ်။ ဘာသာကြီး ၄ မျိုးလုံးကို ကိုးကွယ်ကြတဲ့ ဘင်္ဂါလီတွေရှိပါတယ်။

မြန်မာ-အိန္ဒိယ သမိုင်းကြောင်းအရ ကူးလူးဆက်ဆံ ရောနှောနေထိုင်ကြတာတွေ၊ အပြန်အလှန် ဖလှယ်ကြတာတွေ အများကြီးရှိတယ်။ Rabindranath Tagore (ရာဘင်ဒရာနတ်သ်-တဂိုး) နဲ့ သူ့ရဲ့ Santiniketan (သျှန်တိနိကေတန်) ကို မြန်မာနိုင်ငံက စာပေနဲ့ အနုပညာလောကမှာ အလွန်မတန် လေးစားကြတယ်။ သူလဲ ဘင်္ဂါလီဖြစ်တယ်။ နိုင်ငံရေးထဲမှာလဲ ဗမာပြည် ကွန်မြူနစ်ပါတီမှာ ရဲဘော်ဂိုရှယ်ဟာ ဘင်္ဂါလီဖြစ်တယ်။ ကျောင်းသား အရေးအခင်းတွေထဲမှာလဲ မြန်မာဘင်္ဂါလီ ကျောင်းသားတွေပါခဲ့ကြတယ်။

“ကလား”
အင်္ဂလိပ်စာလုံးပေါင်း Kāla ကို မြန်မာအသံထွက်ရင် “ကလား”။ အဓိပ္ပါယ်က “ကာလ”၊ အချိန် ဖြစ်တယ်။ သင်္သကရိုက်၊ (သက္ကတဘာသာ) (ဆန်းစ်ခရစ်) ဖြစ်ပါတယ်။ ဒီစာလုံးပေါင်းကိုဘဲ “ကလား”၊ “ကုလား” လို့ အလွယ်ရေးကြပြောကြတယ်။ မတူကြပါ။ “ကလားဘဇား” ဆိုတဲ့ရုပ်ရှင် ရှိတယ်။ “ကလား” ဆိုပြီး တာဇံ ဝတ္ထုနဲ့ ဇာတ်ကားထဲမှာ သရုပ်ဆောင်နာမည် ပါတယ်။ ဗြိတိသျှသီချင်း (အယ်လ်ဘမ်) တခုကလဲ Kala လို့ရှိသေးတယ်။ ပထဝီထဲမှာ Kala ဆိုပြီး အာဖကန်နစ္စတန်၊ အီရန်၊ ကဇာကစ္စတန်၊ ပါကစ္စတန်၊ အူဇဘက်ကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ အယ်လ်ဘေးနီးယား၊ နိုက်ဂျီးရီးယား၊ အယ်လ်ဂျီးရီးယား၊ ဂရိစ် နဲ့ နော်ဝေနိုင်ငံတွေမှာ ရှိကြတယ်။ အမဲရောင်၊ အနက်ရောင်ကိုလဲ ကလား ခေါ်တာဘဲ။

“ကုလား”
(ဝီကီ) အဘိဓာန်မှာ “ကုလား” ဆိုတာ “ကုလ” ဆိုတဲ့ ပါဠိကနေလာတယ်လို့ ဆိုတယ်။ နာမ်အနေနဲ့ အိန္ဒိယနိုင်ငံသားများ လို့ ဖေါ်ပြထားတယ်။ “မုတ်ဆိတ်ထူကုလား၊ ငွေများ၍ကုံထံ (ရာမ၊ ပ။ ၃၄။)” လို့ ကိုးကားထားတယ်။ နာမဝိသသေန အနေနဲ့ “နိုင်ငံခြားမှလာသော၊ နိုင်ငံခြား၌ဖြစ်သော” လို့ဆိုထားတယ်။ ကုလားပဲ၊ ကုလားရွှေ စသဖြင့်။ အခုအရေးမှာ တရားမဝင် ဝင်လာသူတွေကို ကုလားလို့ခေါ်တာ မှားတော့မမှားပါ။

ဒါပေမဲ့ “ဘင်္ဂါလီ-ကုလား” လို့ ပြောတာမှာ အစွန်းမလွတ်ပါ။ အားလုံးကို အပြစ်ပြောတာဟာ ပြောင်းပြန်အကျိုး ရစေနိုင်တယ်။ ကုလားဆိုတာ နှိမ်ရာကျလို့ အိန္ဒိယသွေးပါသူ မြန်မာနိုင်ငံသားတွေကို လေးစားလို့ရော၊ ချစ်ခင်လို့ပါ အဲလို မခေါ်တာ မှန်ပါတယ်။ မိတ်ဆွေတယောက်ဟာ အဲလိုသွေးပါတယ်။ သူက တချို့ ဒေါင်ဒေါင်မည် မြန်မာ (ဗမာ) ရွှေတွေထက် ဒီမိုကရေစီအတွက် ထောင်သက်တွေ များထားသူဖြစ်တယ်။

နောက်ထပ်အရေးကြီးတဲ့အချက်တခုကတော့ ပြောစရာရှိရင် အားလုံးကိုလွှမ်းခြုံပြီး ကောင်းတာဖြစ်ဖြစ် ဝေဖန်စရာဖြစ်ဖြစ် လုပ်တာက မမှန်ဘူး။ လူမျိုးနွယ်ကိုလဲ Generalization ယေဘုယျ မချသင့်သလို ကိုယ်မကိုးကွယ်တဲ့ ဘာသာတရားတခု ကိုလဲ အပြစ်မတင်မိအောင် သတိကြီးသင့်ကြပါတယ်။

ဝေါဟာထဲမှာဘဲ မျောနေရင်လဲ လိုရင်းကိုမရောက်စေနိုင်ပါ။ ကိုယ့်အင်အားတွေကိုလဲ ကိုယ့်ဖက်မှာသာ ရှိနေစေရပါမယ်။ ဟိုလိုလို ဒီလိုလိုသမားတွေကလဲ သတိထားကြရပါလိမ့်မယ်။ စည်းခြားတတ်ပါမှ စည်းကလုံပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂-၁ဝ-၂ဝ၁၂

ဆရာ သခင် ဇင် - မြန်မာနိုင်ငံသားမဟုတ်သော ဘင်္ဂါလီပေါ့..
Tint Swe မြန်မာနိုင်ငံသား မဟုတ်တာ အားလုံးပါသင့်တယ် ထင်ပါတယ်။ ဘာသာရေးခုတုံးနဲ့က တမျိုး၊ ငွေပေးပြီးဝင်တာကတဖုံ။ ခုဆိုရင် ငွေအလုံးအရင်းနဲ့လူတွေလဲ လာနေပြီ။ NGO/INGO Fund ကိုင်ပြီး လမ်းကြောင်းနေတာတွေက နိုင်ငံရေးပါတီတွေအထိ လွှမ်းမိုးနေပြီ။

Alana Gonmei - Hmmmm.. i wish i could read what you are saying?
Tint Swe - What I wrote is not to generalize when to praise or criticize. As (R) was not to be used official language is Bangali Muslim. There are good peoples in those communities. But arguments in language may not serve the objective. It should be all foreigners from East and West. Moreover there foreign investors as well as NGO and INGOs who penetrated even the political parties.

ဆရာ သခင် ဇင် - အလုံးအရင်းနဲ့ဝင်တာတော့ ဟုတ်မယ်ဆရာ... ကျွန်တော်တို့ ပုသိမ်(လ.ဝ.က)က အမျိုးသမီးတစ်ယောက်က မွတ်ဆလင်တစ်ယောက်နဲ့ဖောက်ပြန်နေတာ။... အဲ့ဒီမွတ်ဆလင်က မှတ်ပုံတင်မရှိတဲ့ မွတ်ဆလင်တွေကို မှတ်ပုံတင်လုပ်ပေးတယ်ကြားရဘူးတယ်၊ အခု ဆရာပြောသလိုဆို ဧရာဝတီဘက်ကိုရောက်လာတဲ့ ဘင်္ဂါလီတွေတောင် ပါချင်ပါနေမယ်ထင်ပါရဲ့...ရခိုင်ကနေ ဧရာဝတီကိုလာတာ ကုန်လမ်း၊ ရေလမ်းအရမ်းလွယ်နေတာတွေကို အသေအချာစစ်ဆေးသင့်နေတာ ကြာပီ။ အခုက လူကြီးတွေ အာဏာအလုဆုံးနေရာက ဧရာဝတီ ဖြစ်နေတယ်ဆရာ..