Friday, September 14, 2012

14-9-2012 NCGUB Dissolution Facebook Feedback

နှစ်ပေါင်း ၂ဝ ကျော် မြန်မာအစိုးရနဲ့ စင်ပြိုင်အစိုးရအဖြစ် ရပ်တည်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ NCGUB ကို ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါပြီ။

ခွန် ဒီးယမ်
နောက်နေတာမဟုတ်၊ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ NCGUB ရှိနေခဲ့တာလဲ မြန်မာ့ဒီမိုကရေစီရေး ကျိုးပမ်းမှုမှာ အတော်အရေးပါခဲ့တယ်လို့ ဒီးယမ်တော့ ထင်တယ်။ တာဝန်ကျေခဲ့ကြပါတယ် ဒေါက်တာ၊ အချိန်တန်လို့ ဖျက်သိမ်းလိုက်ရတာကို နားလည်ပေမယ့် အမြဲကျေးဇူးတင် အမှတ်ရနေမှာပါ။

Dr. Win Naing
Mg Tint, you have written a very great political history by working with NCGUB, now that issue is finished, you are respected by the Burmese people as an honourable, politician, and now you are keep doing your clinician work for suffering people, and on the other-hand pro-democratic activities in exile. All of your commitment and dedication are well respected by all of us. All the best.

Tint Swe
မှတ်ချက်အတွက် ကျေးဖူးတင်ပါတယ်ဗျာ။ သားဖွါးခန်းထဲ၊ ခွဲစိတ်ခန်းထဲကနေ ချွေးတလုံးလုံးနဲ့ ထွက်လာချိန်မှာ ကွမ်းယာ လာပေးတာ ဝါးလိုက်ရသလိုဘဲ။ (ခုတော့ ကွမ်းမစားတော့ပါ။)

Zawone Lay
ဆရာတင့်ဆွေတို့ကိုတော့ အားနာပါတယ် ဒါပေသိ ရာသက်ပန်ဝန်ကြီးချုပ်တို့အုပ်စုကို မကြိုက်တာတော့ အမှန်ပဲ
Tint Swe
ကျွန်တာ့်ကိုလဲ အားနာမနေပါနဲ့ဗျာ။ အုပ်စုဆိုတာတော့ အပြောရခက်တယ်။ ဘယ်နေရာ ဘာအရေးမဆို တွဲကြတာတွေက တချိန်နဲ့ တချိန် မတူပါ။ အစိုးရအဖွဲ့ကို မကြာမကြာ (၄ နှစ်တခါ အနည်းဆုံး) ပြောင်းခဲ့ပါတယ်။ မတူပါ။ စာရင်း အတိအကျ ရှိပါတယ်။ မှန်ပါတယ် ဝန်ကြီးချုပ် အမည်မပြောင်းပါ။ ဒါပေမဲ့ မဲအများဆုံး ရသူကိုသာ ရွေးရတယ်။ ကျွန်တော်တို့က ဒီမိုကရေစီ အတွက် လုပ်ကြတာကိုး။ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး ဖျက်သိမ်းချိန်မှာ ၃-၄ ယောက်သာ ကျန်တော့တယ်။ ကျွန်တော်လဲ ပါတယ်။ ဒါကြောင့် ကျွန်တော့်လဲ အားမနာပါနဲ့။ ဆေးကုပေးတတ်ပေမဲ့ နိုင်ငံရေးမှာ ပြောစရာရှိမှာပေါ့။

Ko MoeJee
ဝန်ကြီးချုပ် ကြွလာပြီ၊ ဝန်ကြီးချုပ် ကြွလာပြီ ဆိုပြီး လူထူရင် အသံပြဲကြီးနဲ့အော်၊ မတ်တပ်ရပ် (့) ကုန်းပြီး ဂါရဝပြုတတ်သူတချို့ ဝန်ကြီးချုပ်ကို လမ်းမှာတွေ့ရင် ပုခုံးချင်းဝင်မတိုက်ဘဲ အရင်လို ဂါရဝပြုကြပါလို့ မေတ္တာရပ်ချင်။

Lwin Oo
ဒေါက်တာစိန်ဝင်းနဲ့ အမေစုက မောင်နှစ်မ တစ်ဝမ်းကွဲတွေလေ၊

Thant Zaw Oo
တိုင်းပြည်ကောင်းစားဖို. ရည်ရွယ်ရင်းအမှန်နဲ့ လုပ်ကိုင်ခဲ့ကြတဲ့သူတွေ စွန့်လွတ်ဖို့ ဝန်မလေးကြပေမယ့် မိမိကောင်းစားရေးအတွက် လုပ်ကိုင်နေကြတဲ့ သူတွေကတော့ တိုင်းပြည်ကို ရောင်းစားဖို့ ဖျက်ဆီးဖို့ ဝန်မလေးကြဖူး

ခမ်း မွန် ကစ်
ပြည်တွင်းမှာ ပါတီထောင်ပေါ့။ လက်ရှိ မှတ်ပုံတင်ထားတဲ့ ပါတီတွေလဲ မနည်းမနောပဲ။ နောက်ထပ် ကုလားပါတီ တရုတ်ပါတီတွေလဲ ထပ်တိုးချင် တိုးလာအုံးမှာ။

Min Zaw Aung
အင်း စိတ်မကောင်းပါဘူး မြန်မာပြည် အရေးတစိုက်မတ်မတ် ပြည်ပကနေ လုပ်ဆောင်လာခဲ့တဲ့ အဖွဲ့အစည်း ဖျက်သိမ်းလိုက်ပီဆိုတော့

Tint Swe
ကျွန်တော်တို့ အထဲလာပြီး ပါတီ မထောင်ပါခင်ဗျား။ မိခင်ပါတီတွေ အသီးသီး ရှိကြသူတွေသာ ဖြစ်ပါတယ်။ မလုပ်ချင်လို့ရော၊ လုပ်စရာတွေ မရှိတော့လို့ပါ ဖျက်လိုက်တာ မဟုတ်ပါ။ အပြင်မှာလဲ လုပ်စရာတွေ ရှိသေးတယ်လို့ အခိုင်အမာ ယူဆကြပါတယ်။ မှတ်ချက်တွေကို သိရလို့ ကျေးဇူးတင်ပါတယ်။

Kaung Myat San
Very good attitude. I respect this kind of attitude. If there are many people like them in our country, I am sure that our dreams of Nation-building will come true in short period. The real leader shows us the way "Set the example" , not only talks. Thank for sharing.

Aung Than Tun
ဘာမှအသုံးလဲ မကျ ဘယ်နေရာမှာမှလဲ လူတောမတိုး ဘယ်သူမှလဲ အသိအမှတ်မပြုတော့ ဖျက်တာတောင် နောက်ကျနေပါတယ်။
Tint Swe
စိတ်မဆိုးပါခင်ဗျား။ ပတ်သက်သူ ၃ ဦး အင်းစိန်ထောင်ထဲမှာ အသတ်ခံရတယ်။ ထောင် ၂၅ နှစ်ချခံရသူတွေလဲ များတယ်။ အဖွဲ့ဝင် ၂ ဦးက အပြင်မှာ အသတ်ခံရတယ်။ နောက် ၂ ဦးက အသဲကင်ဆာနဲ့ အပြင်မှာ ကွယ်လွန်ကြရတယ်။ လုပ်တာတွေ မသိအမှတ်မပြုလဲ သေတာတွေနဲ့ ခံရတာလေးတွေတော့ သိစေချင်ပါတယ်။ ကျွန်တော်တော့ အဲဒီခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ အမြဲဘဲ ကျေကွဲ လွမ်းဆွတ်နေပါတယ်။

Aung Than Tun
အသက်နဲ့လဲပြီး ပေးဆပ်ခဲ့သူတွေကို မဝေဖန်ရဲပါ။ ပြောမှားဆိုမှားရှိခဲ့ပါလည်း ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော် ရည်ရွယ်တာ ရေပေါ်ဆီများသာ ဖြစ်ပါတယ်။

Tint Swe
ဟုတ်ပါတယ်။ ကျန်ရစ်နေသေးတဲ့ ကျွန်တော်တို့ရဲ့ တင်ပြမှု အားနည်းတာကြောင့် အနစ်နာခံသွားသူတွေကို ထိခိုက်စေမှာ အလွန် စိုးရိမ်မိပါတယ်။

Myo Win
အကယ်၍ အခြေအနေတွေ ကောင်းသွားပြီဆိုလို့ရှိရင် ကျွန်မတို့ လူတွေက နောက်ဆုတ်ပေးဖို့ လိုပါတယ်။ အခြေအနေ ကောင်းသွားတဲ့အခါမှာ နောက်ဆုတ်ပေးတဲ့ လူများသာလျှင် တကယ့်ကို စေတနာမှန်တာပဲ။ “ဒေါ်အောင်ဆန်းစုကြည်” စက်တင်ဘာ ၁ဝ၊ ၂ဝ၁၂

Tin Lay
NCGUB ဟာ ခေတ်သစ် ဗမာ့သမိုင်းအဘိဓာန်မှာ အရေးကြီးတဲ့ Head word (တည်ပုဒ်) ပါပဲ။ ဆရာတို့ကလည်း ဖြစ်ရပ်မှန်သမိုင်းအချက်အလက်တွေကို စုဆောင်း မှတ်တမ်းတင်ပေးထားကြပါဗျာ။ တကယ့် ပွင့်လင်းရာသီ ရောက်ရင့့်။

Aung Than Tun
ဆရာ့ကို စော်ကားမိသလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ဆရာ။ ဆရာ့ကို ကျွန်တော် ထာဝရလေးစားနေမြဲပါ။ ဆရာ့လို လူအေး တစ်ယောက်ကတော့ ဝေဖန်မယ်မထင်ပါဘူး။ တရားသဘောနဲ့ သူတို့လဲ ဒီမိုကရေစီ တိုက်ပွဲဝင်နေတာပါပဲလို့ ဖြေသိမ့်နေမှာ သေချာပါတယ်။

Tin Lay
ဟုတ်တယ်လေ။ သူခိုးက လူဟစ်ပြီး SLORC လိမ်ညာဝါဒဖြန့်ခဲ့သလို အစကတည်းက အာဏာငမ်းငမ်းတက်လို့မှ မဟုတ်တာ။

El Sai Yawnghwe
ကုလသမဂ္ဂထဲအထိ ထဲထဲဝင်ဝင်ရှိပြီး၊ နိုင်ငံတကာက မြန်မာကိုမေ့မသွားအောင်း၊ ပြစ်မထားအောင် လုပ်ပေးခဲ့တာ NCGUB ပဲ။ လေးစားပါတယ်ဗျာ။