Monday, August 27, 2012

Myanmar sanctions defy logic ပညာရှင်အမြင်ဆိုတိုင်း မမှန်ပါ

“မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သည့် ဒဿန” ခေါင်းစဉ်နဲ့ Yangon chronicle မှာပါတာကို (ဖေ့စ်ဘွတ်) မှာတွေ့ရပါတယ်။ 22 August 2012 ရက်စွဲပါ Asia Times Online မှ David I Steinberg ၏ “Myanmar Sanctions defy logic” ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်လို့လည်း ဖတ်ရပါတယ်။

ဆောင်းပါးရှင် နာမည်ကြည့်တာနဲ့ ဘာရေးမလဲ သိပါတယ်။ ဂျော့ခ်ျတောင်း တက္ကသိုလ်က (ဒေးဗစ်၊ အိုင်၊ စတိုင်းဘတ်) ဟာ ဦးနေဝင်းလက်ထက်ကတည်းက ဘက်လိုက်ရေးနေတဲ့သူသာ ဖြစ်တယ်။ အခုဆောင်းပါးထဲက အချက် (၂) ခုနဲ့ သူအရင်ရေးခဲ့တာ နမူနာ (၂) ခုပေးပါရစေ။

(၁) “မြန်မာပြည်သူများကရော အဆိုပါ (အမေရိကန်) အရေးယူမှုများကို ဖယ်ရှားစေလိုကြသလောဟု မေးလျှင် ဖယ်ရှားစေလိုကြသည် ဟုပင် ဖြေရပါမည်။ အဘယ့်ကြောင့်ဆိုသော် အရေးယူမှုများသည် စစ်အစိုးရကိုဖြုတ်မချနိုင်ဟု ၎င်းတို့က ယုံကြည်ခဲ့ကြပြီး သက်သေလည်း ပြနိုင်ခဲ့သောကြောင့်ပင် ဖြစ်ပါသည်။”

သုံးသပ်ချက်။ မြန်မာပြည်သူများက သူပြောသလို ဖြေကြမယ်ဆိုတာ မယုံပါ။ (ဆန်ရှင်) ရှိနေတုံးမှာ စစ်အစိုးရဟာ နာမည်အရရော ယူနီဖေါင်းအရပါ ၇၅% ပြုတ်ကျသွားတယ်။

(၂) “အမေရိကန်အရေးယူမှုများ ဆက်ရှိနေခြင်းမှာ ပြည်သူအား ခြိမ်းခြောက်သော ပုံစံတစ်ခုပင် ဖြစ်ပါသည်။ ထိုကဲ့သို့သော ပြည်သူအား ခြိမ်းခြောက်မှုသည် ယခင်စစ်အစိုးရ အပေါ် ပြည်သူများ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သလို အမျိုးသားရေးအရ တင်းမာသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။”

သုံးသပ်ချက်။ အမေရိကန်အရေးယူမှုများ ဆက်ရှိနေခြင်းဟာ ပြည်သူကို မဟုတ်ဘဲ လက်ရှိ ကြံခိုင်ရေးအစိုးရနဲ့ ၂၅% စစ်တပ်ကပါနေတဲ့ လွှတ်တော်စနစ်ကိုသာ ခြိမ်းခြောက်နေတယ်လို့ ယူဆပါတယ်။

(ဒေးဗစ် စတိုင်းဘတ်) အရင်ရေးဘူးတာ (၂) ခုကတော့ -
(၁) The Washington Post 21-8-2010 မှာ Is Burma on the verge of transformation? ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ အမေရိကန်က (ဆန်ရှင်) ထပ်လုပ်တဲ့အပေါ်မှာ သူကငြင်းထားတယ်။

Neither will help the Burmese people, persuade the government to loosen its grip on the population, or even assist the United States in meeting its strategic or humanitarian objectives. In fact, such moves would hinder negotiations and relations with a new government that, even if far from a model for governance, would probably give the Burmese more political voice and freedom than they have had in half a century.
“ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာပြည်သူလူထုကိုရော အစိုးရကနေ လူထုအပေါ်ချုပ်ကိုင်ထားတာကိုပါ လျှော့မှာမဟုတ်ပါ။ အမှန်ပြောရရင် တွေ့ဆုံဆွေးနွေးရေးကို အဟန့်အတား ဖြစ်စေပါမယ်။ အစိုးရသစ်ဟာ စစ်မှန်တဲ့ အုပ်ချုပ်ရေးပုံစံနဲ့ ဝေးကွာနေသေးပေမဲ့ အရပ်သားတွေအပေါ်မှာ နေရာနဲနဲချဲ့ပေးချင် ပေးလာပါလိမ့်မယ်။ လူထုအဖို့ ရာစုနှစ်တဝက်ကျော် မရခဲ့တဲ့ လွတ်လပ်မှုနဲ့ နိုင်ငံရေးအသံထွက်ခွင့်တွေ ရချင်ရလာကြပါလိမ့်မယ်။”

သုံးသပ်ချက်။ (ဆန်ရှင်) ၁ဝဝ% ရှိနေတုံးမှာ တွေ့ဆုံဆွေးနွေးရေး စခဲ့တာသာဖြစ်တယ်။ တခါတွေ့ပြီး၊ စစ်အုပ်စုဘက်က တထစ်လျှော့မှ (ဆန်ရှင်) ကလဲ တရစ်လျှော့တယ်။ (ဆန်ရှင်) သာ အရင်လျှော့ရင် ဘာတခုမှ စစ်တပ်ဘက်က ပြော့လာစရာ မရှိဘူး။ အရပ်သားတွေ နဲနဲနေရာရလာတာက ကြားဖြတ်ရွေးကောက်ပွဲကြောင့်သာ သိသာတယ်။ ၂ဝ၁ဝ မှာ ဆင့်ပါးစပ်နှမ်းပက်ထက် မပိုဘူး။

(၂) Indian Defence Review မှာလဲ ၂၇-၁၁-၂ဝ၁၁ နေ့က Prospects for Democratization in Myanmar: Impact on India ခေါင်းစဉ်နဲ့ ဆောင်းပါရှည်ကြီး ရေးထားသေးတယ်။

The NLD is held together by its essential criterion of getting the military out of power, rather than by an accepted set of shared premises beyond that goal. Coalitions are exceedingly fragile because of the personalization of power.
“NLD ဟာ စစ်တပ်ကို နိုင်ငံရေးကနေ စွန့်ခွါသွားရေးအတွက် လိုအပ်ချက်ဆိုတာတွေနဲ့ ကိုယ့်ဖါသာ ချုပ်နှောင်ထားတယ်။ ဒီရည်မှန်းချက်ကို ကျော်လွန်ပြီး လက်သင့်ခံနိုင်တဲ့ နေရာခွဲဝေကျင့်သုံးရေးကို မလုပ်ဘဲ အဲလိုလုပ်ထားတာ ဖြစ်တယ်။ ပုဂ္ဂိုလ်ရေး တည်ဆောက်မှုကြောင့် ညွန့်ပေါင်းအဖွဲ့တွေဟာလည်း လျှော့ရဲရဲသာရှိတယ်။”

သုံးသပ်ချက်။ NLD ကို တရားသေ နိုင်ငံရေးပါတီလို့ သူထင်ထားတာ လုံးဝမှားကြောင်း သူရေးပြီးနောက် လပိုင်းအတွင်းမှာ ပေါ်လွင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်သလို လုပ်တာဟာ သူတယောက်ထဲရဲ့ အမြင်သာ ဖြစ်တယ်ဆိုတာကို ကမ္ဘာ့ ခေါင်းဆောင်တွေက သက်သေခံလိုက်ပြီဖြစ်တယ်။ လူထုကလဲ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒီပါမောက္ခ တက်တက်စင် လွဲတာကို ပညာပေးလိုက်ပါတယ်။

http://www.atimes.com/atimes/Southeast_Asia/NH22Ae01.html
http://tunwai-states.blogspot.jp/2012/08/blog-post_3002.html
http://www.dawnmanhon.com/2012/08/blog-post_28.html

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၂