Saturday, August 25, 2012

ရခိုင်ဒေသအရေး မေးကြ၊ ပြောရ (၂)

၂ဝ-၈-၂ဝ၁၂
ဒီပုံဟာ ဘုံဘေမြို့မြောက်နားမှာရှိတဲ့ (ဂူဂျရတ်) ပြည်နယ်ရဲ့ ဝန်ကြီးချုပ် (မိုဒီ) ရဲ့ (ဝက်ဘ်ဆိုက်) မှာ ဖေါ်ပြတာဖြစ်တယ်။ ပတ္တနား (ပါဋလိပုတ်) မြို့မှာပါ။ အခု အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေက ကျောင်းသားတွေဟာ အိန္ဒိယ တောင်ပိုင်းမြို့တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တသီကြီး အလုပ်ခံကြရတယ်။ နေရပ်ပြန်ကြရတာ တသောင်းခွဲကျော်ပြီး အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေက လူတွေဟာ မြန်မာတွေလို၊ တိဘက်တွေလို (မွန်ဂိုလွိုက်) အနွယ်ဝင် လူမျိုးတူတွေ ဖြစ်ကြတယ်။

အဲလိုဖြစ်တော့ အိန္ဒိယ အစိုးရကနေ ချဲ့ကား သတင်းတွေပုံတွေကို ဖြန့်ပေးခဲ့တာ ပါကစ္စတန်က ဖြစ်တယ်လို့ ပြည်ထဲရေး အတွင်းဝန်ကနေပြောတယ်။ သတိထားဘို့က (မိုဒီ) ဟာ လူကတော့ လူတော်ဘဲ။ ဒါပေမဲ့ (မွတ်ဆလင်) ဆန့်ကျင်ရေးသမား ဖြစ်တယ်။ အိန္ဒိယဟာ လက်ညှိုးထိုးစရာတွေ အများကြီး ရှိတဲ့အထဲက ပါကစ္စတန်ကိုသာ ထိုးတတ်တယ်။ ဒေလီမြို့ထဲ ဗုံးလာခွဲတဲ့ အီရန်ကို ရေနံရနေလို့ ထုတ်မပြောဘူး။ လက်ရှိ ဘင်္ဂလားဒက်ရှ် အစိုးရနဲ့ အဆင်ပြေနေတော့ တရားမဝင်လာပြီး ဒေသခံတွေကို အနိုင်ကျင့်တဲ့ လူတွေဟာ (ဘင်္ဂလားဒက်ရှ်) ကလို့ ထုတ်မပြောဘူး။ ဒီတော့ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်အားကိုသာ အားကိုးရမယ်။ နိုင်ငံတကာတို့ နိုင်ငံခြားသားတို့ကို သတိကြီးကြီးထား ပေါင်းရမယ်။ ကိုယ့်အချင်ချင်းစည်းလုံးကြရမယ်။

၂ဝ-၈-၂ဝ၁၂
မြန်မာနိုင်ငံသား စစ်စစ်တွေ အားလုံး ဘယ်ဘာသာကိုမှ မုန်းတီးဘို့ မလုပ်ကြဘူး။ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ စခဲ့တဲ့ ဒီမီးလျှံ့ဟာ အိန္ဒိယနိုင်ငံ (အာသံ) ပြည်နယ်ကို ရောက်တယ်။ ဒေသခံ (ဘိုဒို) တိုင်းရင်းသားလူမျိုးတွေနဲ့ (ဘင်္ဂလားဒက်ရှ်) ကနေ တရားမဝင်လာသူတွေ မြေလုတဲ့ ပဋိပက္ခဖြစ်ကြတယ်။ အိန္ဒိယအစိုးရက ဒါကို လူမျိုးရေး အဓိကရုဏ်းလို့ သုံးတယ်။ အဲဒီအချိန်မှာ မြန်မာပြည်က ဒီလိုလူမျိုးတွေကို တရားဝင် ဘင်္ဂါလီလို့ သုံးတယ်။

အိန္ဒိယက တကယ့်ဘင်္ဂါလီလူမျိုးစစ်စစ်ကနေပြောတယ်။ “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ မစခင် ဒေလီ UNHCR ရုံးရှေ့မှာ အသစ်ရောက်လာကြတဲ့ မြန်မာဒုက္ခသည် စာရင်းဝင်သူတွေ ဆန္ဒပြကြတုံးက မေးကြည့်တယ်။ ဗမာစကား၊ ရခိုင်စကား မတတ်ကြဘဲ (ဟင်ဒီ) စကား နဲ့ ဘင်္ဂါလီ စကားသာ တတ်ကြတာ တွေ့ရတယ်။ ဘင်္ဂါလီ စကားကလဲ မူရင်းစကားနဲ့ မတူတော့ဘူး” တဲ့။

မြန်မာဒုက္ခသည်တွေအတွက် UNHCR မှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးစစ် မိန်းကလေးတယောက်ကို မေးကြည့်ပါတယ်။ “ဟာ အဲဒီလူတွေ အများကြီးလာနေကြတယ်။ သူတို့ တလောက UNHCR ရုံးမှာ ဆန္ဒပြကြလို့ (ဗင်းဆင့်ဗီဟာ) ကလူတွေက ပတ်ဝန်းကျင် ညစ်ပတ်လို့၊ ဆူညံလို့ UNHCR ရုံးကို သူတို့ဆီမှာ လက်မခံကြတော့ဘူး။ ဒါနဲ့ UNHCR ရုံးတဝက်ကို (ဗီကပ်စ်ပူရီ) ကို ပြောင်းလာရတော့မယ်။ သူတို့ထဲက ၁ဝဝ မှာ တယောက်လောက်ဘဲ ဗမာစကားပြောတယ်။

ဒီဆန္ဒပြပွဲပြီးတော့ ရခိုင်မီးစလောင်တယ်။ နောက် အိန္ဒိယ (အာသန်) မှာ ဆက်လောင်တယ်။ နောက် အိန္ဒိယတောင်ပိုင်း ဘင်္ဂလို၊ ဟိုက်ဒရာဘတ်၊ ပူနေး၊ ဘုံဘေမြို့တွေမှာ ဆက်လောင်တယ်။ ခံကြရတာက မြန်မာနိုင်ငံသားစစ်စစ်တွေ၊ အိန္ဒိယ (ဘိုဒို) နဲ့ အရှေ့မြောက် (မွန်ဂိုလွိုက်) လူမျိုးတွေအပြင် အိန္ဒိယတောင်ပိုင်းမှာ (ဘိုင်ဘယ်လ်) ကျောင်းတက်နေတဲ့ ချင်းကျောင်းသားတွေလဲ အိမ်ပြင် မထွက်ရဲကြဘူး။ တိဘက်တယောက် ဒါးထိုးခံရတယ်။ ကနေ့ ဒေလီက တရုပ် စားသောက်ဆိုင်မှာ တခုခုဖြစ်တယ်။

ဘယ်မှာဖြစ်ဖြစ် အကြမ်းဖက်သူတွေကတော့ တမျိုးတစားတည်းဘဲ။ မီးကို ဓါတ်ဆီလောင်းသူတွေဟာ ဓါတ်ဆီထွက်တဲ့ နိုင်ငံတွေက ဖြစ်တယ်။ အိန္ဒိယမှာတော့ ဘာသာအမည်နဲ့ ပင်ရင်းတိုင်းပြည်နာမယ်တွေကို ထုတ်မပြောကြဘူး။

UN, INGO, NGO ဆိုသူတွေ အားလုံးနီးနီး (အကုန်တော့ မဟုတ်ပါ) က တကယ်ခံရတဲ့သူတွေဘက်မှာ မရှိကြဘူး။ မနေ့က CNN မှာတော့ ကြားလိုက်ရတယ်။ ရခိုင်အမျိုးသားယောက်နေ ပြောတာကို ဘာသာပြန်ပေးတယ်။ “အဲဒီလူတွေဟာ သူများ အိမ်တွေကို မီးကူးအောင် သူတို့အိမ်တွေကို မီးရှို့ပြီးထွက်ပြေးကြတယ်” တဲ့။ ဒီတခွန်းတော့ ပါလေရဲ့။

၂၅-၈-၂ဝ၁၂
အိန္ဒိယမှာ ၂၅-၈-၂ဝ၁၂ နေ့ထုတ်သတင်းစာတွေမယ် -
(၁) အဲဒီဆင်းတုတော်ကို ပြုပြင်ပြီးကြောင်း ပါတယ်။ ပုဂ္ဂလိက သတင်းစာတွေက “တလောကဖြစ်ပွါးခွဲသော အနှောင့်အယှက်ဖြစ်မှုများ” လို့သုံးတယ်။ ဘယ်ဘာသာအမည်ကိုမှ မထည့်ဘူး။ ဒီအရေးမှာ ရဲတပ်ဖွဲ့က ကိုင်တွယ်ပုံကို အပြစ်ဖို့ထားတယ်။ ခံရတဲ့ဘက်ဖြစ်တဲ့ ဗုဒ္ဓဘာသာဘက်ကနေ ဘာမှ သူများ ကြား-မြင်-ဖတ်နိုင်အောင် ထုတ်ဖေါ်ခြင်း လုံးဝ မရှိဘူး။

(၂) အိန္ဒိယ အရှေ့မြောက်ပြည်နယ်က ကျောင်းသားတွေ နေရပ်ပြန်ခဲ့ကြရတာကို ပါတီကြီး (အတိုက်အခံ) တခုက သွားလည်ပြီး အိန္ဒိယတောင်ပိုင်းမြို့တွေကို စိတ်ချလက်ချပြန်လာကြဘို့ တိုက်တွန်းတယ်။ ဒီအရေးမှာ (အင်တာနက်) သုံးပြီး သတင်းတွေချဲ့ကားတာ၊ မှားတာလို့ အပြစ်ဘို့တယ်။ ခံရတဲ့ဘက်ဖြစ်တဲ့ အရှေ့မြောက်ပြည်နယ်တွေက အခု အိန္ဒိယ ဗဟို၊ ပြည်နယ်အစိုးရတွေနဲ့၊ ပြည်မအုပ်စိုးမှုအပေါ် ပိုပြီး မကျေမနပ် ဖြစ်လာကြစေတယ်။ အရှေ့ဖက်က မြန်မာပြည်ကို ပိုကြည့်လာကြတယ်။