Sunday, June 10, 2012

9-6-2012 Protest call for Kachin State Peace

၁၉-၆-၂ဝ၁၂ လန်ဒန် စီးပွားရေးတက္ကသိုလ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲက ဒေါ်အေင်ဆန်းစုကြည်ရဲ့ အဖြေများ ကောက်နုတ်ချက် – ဘယ်နေရာမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို ကျမက ရှုတ်ချတယ်၊ ကန့်ကွက်ပါတယ်။ ကချင်ပြည်အရေးမှာ တကယ်တန်း ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေး အဖွဲ့လိုအပ်တယ်။ အမျိုးမျိုးသော တဖက်နဲ့ တဖက် ပြောဆို စွတ်စွဲတာတွေ ထွက်ပေါ်နေတယ်။ ကျမတို့က ကချင်ပြည်သူတွေနဲ့ အတူတူ ရပ်တည်တယ်။ ကျမတို့ မြန်မာတိုင်းရင်းသားတွေ အားလုံးက ကချင်ဒုက္ခသည်တွေကို အားပေးကူညီနေကြတယ်။ ကျမတို့ ပါတီတင်သာမက အမျိုးသားတိုင်းက တဦးချင်းစီကိုယ်တိုင်က အဖွဲ့အစည်းတွေက ကူညီစောင့်ရှောက်မှုတွေ လှူဒါန်းမှုတွေ လုပ်နေကြတယ်။ ကန့်ကွက်ရှုတ်ချဖို့ ဆိုတာ သက်သက်ကိုသာ ကြည့်ကြမယ် ဆိုရင် အဖက်ဖက်က အခြေအနေအားလုံးကို ကျမတို့ ရှင်းရှင်းလင်းလင်း အရင်သိထားမှ ဖြစ်မယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ တဖက်တည်းက ဖြစ်နေတာ မဟုတ်ဘူး။ မြန်မာစစ်တပ်က ကေအိုင်အိုနဲ့ အရင်တုန်းက သတ်မှတ်ထားတဲ့ နယ်မြေတွေကို ၀င်ရောက်နေတယ်လို့ ဆိုတယ်။ ကျမတို့ ကုလသမဂ္ဂ တွေ့ရှိချက်တွေကို မေးတဲ့အခါမှာ သူတို့ကိုယ်တိုင်ကလည်း သဘောထားတိတိကျကျ မပြောနိုင်ဘူးတဲ့။ သူတို့ရဲ့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေးအဖွဲ့တွေ သွားခွင့်မရဘူးတဲ့။ ဒီနေရာမှာ ပဋိပက္ခကို ဖြေရှင်းဖို့အတွက် ကန့်ကွက်ရှုတ်ချတာချည်း သက်သက်နဲ့ သွားလို့ မရဘူး။ ကျမတို့က အခြေခံ အကြောင်းအရင်းခံကို ခြေခြေမြစ်မြစ် ရှာဖွေသိရှိဖို့လိုတယ်။ ပြီးတော့ ဒီပဋိပက္ခကို ဖြေရှင်းဖို့ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းရှာကြဖို့ လိုတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမများအား ကချင်ကော်မတီမိသားစုမှ ကချင်ပြည်နယ်အတွင်း ဖြစ်နေသော ပြည်တွင်းစစ် နှင့်ပက်သက်၍ ဖော်ပြပါ နေ့စွဲနှင့် နေရာတွင် ဆန္ဒပြမည်ဖြစ်၍ မပျက်မကွက် ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေရာ။ ဂျန်တားမန်တား နေ့စွဲ။ ၉-၆-၂ဝ၁၂