Wednesday, April 4, 2012

ပုလဲမှာ NLD ကို ကြိုတင်မဲ ထည့်ပြီး ကွယ်လွန်သွား

ပုလဲမြို့နယ် နွယ်ရှောက်ကျေးရွာနေ ဒေါ်ဝင်းဆွေ ၄၁ နှစ်မှာ ကျန်းမာရေးမကောင်းသဖြင့် အိပ်ရာထဲလဲနေတာကြာပါပြီ ၃၁-၃-၂ဝ၁၂ နေ့ ၂ နာရီ ၃ဝ မိနစ်တွင် ကော်မရှင်မှ ကြိုတင်မဲ လာရောက်ယူသောအခါ ဘယ်သူကိုမဲထဲမှာလဲမေးတော့ ခွပ်ဒေါင်း၊ ခွပ်ဒေါင်း၊ ခွပ်ဒေါင်း၊ သုံးခါပြောပါတယ် ကော်မရှင်ကလည်း လူနာ ပြောတဲအတိုင်း မဲပေးပြီး ပြန်သွားပါတယ် နောက်တစ်နာရီ အကြာမှာကွယ်လွန်သွားတယ်လို့ ကျန်ရစ်သူ ဒေါ်ဝင်းဆွေ၏အကို နှင့် ကော်မရှင် လူကြီးများကပြောပါတယ်။ ၄င်းသတင်းကို သိသိချင်း ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နှင့် ဦးအောင်ရှင်တို့ သွားရောက် ကူညီခဲပါတယ်။ မလားတူ လှော်ကား ကျေးရွာ ဦးစံလွင် ၇၇ နှစ် လဲ ၁၂ နာရီတွင် ကြိုတင်မဲ ပေးပြီး နာရီဝက်ခန့်အကွာတွင် ကွယ်လွန်သွားသည်ဟု ၄င်းမိသားစုများမှ ပြောကြားခဲ့ပါတယ် (Photo: a2 zm@iCJ)