Friday, April 6, 2012

5-4-2012 Celebration for victory of NLD

၅-၄-၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား တခဲနက် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ဂုဏ်ပြုသည့် အခန်းအနားတရပ်ကို နယူးဒေလီ၊ မြန်မာရိပ်သာခန်းမတွင် ကျင်းပသည်။ ရွှေဝါရောင် ဆရာတော်များ၊ NCGUB, ALD, DPNS ခေါင်းဆောင်များ နှင့် ကရင်၊ ရခိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အမှာစကားများ ပြောကြားကြပြီး ၂ဝ၁၂ မဟာသင်္ကြန် သံချပ်အဖွဲ့ကလည်း စနစ်ဆိုးနှင့် စစ်ဂျိုးခွါစို့ သံချပ်များ သီဆိုကြသည်။ ရွေးကောက်ပွဲကော်မရှင်က ပယ်ခြင်းခံရသော အင်းတော် ဆန္ဒနယ်မြေမှ ရွေးချယ်ခံမည့် ဦးစောလှိုင် NLD ကလည်း ဆေးရုံမှနေ၍ တယ်လီဖုန်းဖြင့် အမှာစကားပြောကြားသည်။