Wednesday, April 11, 2012

10-4-2012 NLD reopens party offices in Chin state

၁ဝ-၄-၂ဝ၁၂ ချင်းပြည်နယ် NLD ပြန်လည်အသက်ဝင်လာပြီ

နှစ်ရှည်လများ နိုင်ငံရေးလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် ချင်းပြည်နယ် NLD က နိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည်ပြု လုပ်လာနိုင်ရန် ချင်းပြည်နယ် ၈ မြို့နယ်တွင် ၎င်းတို့၏ ပါတီရုံးများကို ပြန်လည်ဖွင့် လှစ်လိုက်ပြီဖြစ်သည်။

ယခုနှစ် မတ်လဆန်းပိုင်းကစပြီး ယခုချိန်ထိ ပလက်ဝမြို့နယ်မှအပ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး၊ မတူပီ နှင့် ရိခေါ်ဒါရ်းမြို့နယ်ခွဲတို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးများကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဗန်လျံ ကပြောသည်။

ပလက်ဝမြို့နယ်တွင်လည်း ပါတီရုံးပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် NLD ပါတီဝင်တချို့က ပါတီ စည်းရုံးရေးများ လုပ်ဆောင်နေပြီး မကြာခင် ဖွင့်လှစ်နိုင်မည်ဟုမျှော်လင့်ကြောင်း ဦးဗန်လျံကပြောသည်။

ချင်းပြည်နယ် NLD ပါတီသည် လွန်ခဲ့သော ၂ဝဝ၃ ခုနှစ်ခန့်ကတည်းကစ၍ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းမရှိဘဲ ငြိမ်သက်နေခဲ့ကြသည်။ သို့သော် ယခုအခါ NLD ပါတီတရားဝင် ပါတီ ဖြစ်လာပြီးနောက်ပိုင်းတွင် ချင်းပြည်နယ် အဖွဲ့ချုပ် လည်း ပြန်လည်အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့အခု လူငယ်တွေကိုလည်း စည်းရုံးနေပါတယ်၊ မတူပီဘက်မှာတော့ လူငယ်တွေက စိတ်ဝင်စားကြတယ်၊ ဟားခါးမှာတော့ လူငယ်တွေ သိပ်မရှိဘူး၊ ရှိတဲ့လူတွေကလည်း အလုပ်အကိုင် နဲ့ဖြစ်နေကြတော့ ဝင်တဲ့သူနည်းနေသေး တယ်’’ ဟု ဦးဗန်လျံကပြောသည်။

ဧပြီလ ၁ ရက်နေ့က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချူပ်က မဲအပြတ်အသတ်အနိုင်ရရှိခြင်းအပေါ် ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ ညနေပိုင်းတွင် ဟားခါးမြို့၌ ဆုတောင်းပွဲ အစီစဉ်တခုဖြစ်လုပ်သွားမည်ဟု ဦးဗန်လျံကပြောသည်။

၁၉၉ဝ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ် ၁၃ နေရာတွင် NLD မှ (၄) နေရာ ရရှိခဲ့သည်။ ပါတီအလိုက် ကိုယ်စားလှယ်နေရာအများဆုံးရရှိခဲ့သည်။

10-4-2012 NLD reopens party offices in Chin state
The offices of the National League for Democracy (NLD) in Chin state are being reopened to rejuvenate the party in Burmese politics after being suppressed for a long time under military rule.

The offices reopened are in Teddim, Ton Zang, Falam, Mindat, Kanpetlet, Than Tlang, Hakha, Matupi and Rih, sub-town in Falam, Chin state from the first week of last month, said Pu Van Lian, Chairman of the Chin state NLD.

The party is trying to reopen its office in Paletwa Town of Southern Chin state and the members of the NLD there are gearing up to open their office, said Van Lian.

Political activities of the Chin state NLD came to a standstill in 2003 under the oppressive Burmese military dictatorship, but now, the Chin state NLD is being rejuvenated after the central NLD became involved in Burmese parliamentary politics.

“We are organizing youths in the region of Matupi Township to take interest in our movement. But only a few Hakha youths are working for our party as most have left the town and some are busy with their jobs.

A prayer programme was conducted by the Chin state NLD yesterday in Hakha to celebrate the landslide victory of NLD in the Burmese by election held by the Burmese government.

The most representative seats were won and four constituencies were won by Chin state NLD in the 1990 Burmese general elections in 13 constituencies in the state.

Khonumthung news http://khonumthung.org/