Thursday, February 2, 2012

30/31 January 2012 Burma events in New Delhi without Pro-democracy Movement in India

၃ဝ-၃၁ ဇန္နဝါရီလ၊ ၂ဝ၁၂ နေ့များတွင် နယူးဒေလီ၌ Euro-Burma Office (EBO) မှ စီစဉ်ခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲများ ကျင်းပသွားခဲ့သည်။

မြန်မာနိုင်ငံမှ National Democratic Force, Chin National Party, Shan National Democratic Party, Inn Thar Development Party, PaO National Organization, Kyar Phyu Party, National Unity Party, Democratic Party Myanmar, Union Solidarity and Development Party တို့မှ ခေါင်းဆောင်များ၊ Tampadipa Institute, Paung Ku, Smile Foundation, Metta Development Foundation, Myanmar Heart Development Organization, Thingaha Gender Working Group, Three Diseases Fund (UNOPS) တို့မှ တာဝန်ရှိသူများ၊ Water and Civil Society မှ ခေါင်းဆောင်များ၊ EBO နှင့် Amsterdam University မှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်းမှာ လာရောက်ကြသော ခေါင်းဆောင်များ၊ တာဝန်ရှိသူများအား ကြိုဆိုပါသည်။ သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၁၉၉၀ ရွေးကောက်ပွဲမှ တိုင်းရင်းသား နိုင်ငံရေးပါတီများ ပါဝင်ခဲ့ခြင်းမရှိသည်ကို မှတ်သားရပါသည်။

ထို့ပြင် ၁၉၈၈ မှ ယနေ့အထိ အိန္ဒိယနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီရေးတွက် လှုတ်ရှားဆောင်ရွက်နေကြသော နိုင်ငံရေး အသင်းအဖွဲ့များအား ဖိတ်ကြားခဲ့ခြင်း၊ အသိပေးအကြောင်းကြားခဲ့ခြင်း အလျဝ်းမရှိပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ အရေးကိစ္စများကို ပြည်တွင်းအင်အားစုများနှင့်အတူ ပြည်ပအင်အားစုများနှင့်ပါ လက်တွဲ ဆောင်ရွက်မှသာ ပြည့်စုံ အောင်မြင်နိုင်မည်ဟု ယူဆပါသည်။